ပြည်တွင်းသတင်းများ

(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ် တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပခြင်း

(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအား သဘာပတိအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ H.E. Veng Sakhon မှဦးဆောင်၍ Blue Jeans Application အသုံးပြု၍ Virtual Meeting အဖြစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁) ရက် နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ COVID-19 ကပ်ရောဂါကြောင့် စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အဟာရပြည့်ဝစေရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အတွက် တုံ့ပြန်ဆောင်ရွက်နေသည့် နည်းလမ်းများ ကို ဆွေးနွေးခဲ့ကြပါသည်။

စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒ မူဘောင်အရ ဆောင်ရွက်ခဲ့သည့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများအား တင်ပြရာ တွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများမှ အဆိုပြုချက်များကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၅)ရက် နေ့တွင် သဘောတူထုတ်ပြန်ခဲ့ခြင်း၊ အာဆီယံစားနပ်ရိက္ခာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မျှော်မှန်းချက်နှင့် နည်းဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၀) အား ကာလတို ပြန်လည် သုံးသပ် ခြင်း၊ အပင်ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အကောင် အထည်ဖော်မှုအတွက် အာဆီယံဒေသဆိုင်ရာ လမ်းညွှန်ချက်များကို အတည်ပြုခဲ့ခြင်း၊ အသားကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခဲ့ခြင်း၊ သီးနှံကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခဲ့ခြင်း၊ ငါးကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခဲ့ခြင်း၊ Fall Army Worm ဖျက်ပိုးအား ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၀-၂၀၂၅) ကို အတည်ပြုခဲ့ခြင်း၊ သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများ ရေရှည် တည်တံ့စေရေး အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်အား အတည်ပြုခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဆောင်ရွက်မည့် Key deliverables များအနက် အသား ကဏ္ဍ တွင် ဇီဝသတင်းအချက်အလက်၊ ဇီဝအန္တရာယ်ခန့်ခွဲမှုနှင့် အရည်အသွေး ထိန်းသိမ်းမှု ဆိုင်ရာ ဒေသဆိုင်ရာ ရည်ညွှန်း ဗဟိုဌာန တည်ထောင်ခြင်း၊ သီးနှံကဏ္ဍအတွက် သီးနှံများ တင်သွင်း ရာတွင် အာဆီယံအပင် ရောဂါပိုးမွှား ကင်းစင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ ငါး ကဏ္ဍအတွက် ရေချိုငါးမွေးမြူရေးတွင် AMR Anti-microbial Resistance နှင့် သက်ဆိုင် သော လုပ်ငန်းစဉ်များ ချမှတ်ခြင်းစသည်တို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အာဆီယံ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာမူဝါဒနှင့် နည်းဥပဒေ မူ ဘောင်အတွက် သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

ထို့ပြင် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုတွင် ဩစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ရုရှားတို့နှင့် လည်းကောင်း၊ FAO, OIE, Grow Asia တို့နှင့်လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

(၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ပါသည်။ (၄၃) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရှိရပါ သည်။

Loading