ပြည်ပသတင်းများ

COVID – 19 ရောဂါကာကွယ်ဆေး ရရှိသည့်အခါ သင့်တော်သည့်ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဟု ပြောကြား ခဲ့ခြင်း

COVID – 19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးအား ထုတ်လုပ် နိုင်ရန် လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများစု၌ အပြိုင်အဆိုင် ကြိုးပမ်းထုတ်လုပ်လျက်ရှိပြီး ကာကွယ်ဆေးထွက်ရှိလာသည့်အခါ  ဈေးနှုန်းမည်မျှဖြင့် ဈေးကွက်အတွင်း ရောင်းချမည်ကို မသိရှိသော်လည်း တရုတ်နိုင်ငံအနေဖြင့် ထုတ်လုပ်မည့် ကာကွယ်ဆေးအား သင့်တော်မျှတသည့် ဈေးနှုန်းဖြင့် ကမ္ဘာ့နိုင်ငံများသို့ ဖြန့်ချီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေးများ လှူဒါန်းခြင်း၊ အထောက်အပံ့အဖြစ် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့်  COVID -19 ကာကွယ်ဆေး ရရှိနိုင်ရန် အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသမ္မတမစ္စတာရှီကျင့်ဖျင်မှလည်း တရုတ်နိုင်ငံအနေဖြင့် COVID -19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေးရရှိသည့်အခါ ကမ္ဘာ့ပြည်သူ များ၏ ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရရှိသုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202010/01WS5f752101a31024ad0ba7cf41.html

ရွှေစင်ဦး၊ စီးပွားရေးသံမှူး

ပေကျင်းမြို့

Loading