ပြည်ပသတင်းများ

နယ်စပ်ဖြတ်ကျော် ဥမင်လိုဏ်ခေါင်း အပြီးသတ်သွားပြီဖြစ် သည့် တရုတ်-လာအို မီးရထားလမ်း

တရုတ်-လာအို မီးရထားလမ်းပေါ်ရှိ နယ်စပ်ဖြတ်ကျော်သည့် ဥမင်လိုဏ်ခေါင်းမှာ စက်တင်ဘာလ အစောပိုင်းတွင် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍  ရထားလိုင်းတစ်ခုလုံးအတွက် အပြည့်အဝ အသုံးပြုနိုင်ရန် အခြေခံအုတ်မြစ်ကို  တည်ဆောက်ပြီးသွားပြီဖြစ်ပါသည်။

ချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းဟု ခေါ်တွင်သည့် ၎င်းလိုဏ်ခေါင်းမှာ ကီလိုမီတာ (၉.၅၉) ရှှည်လျားပြီး၊ တရုတ်နိုင်ငံဘက်တွင် (၇.၁၇) ကီလိုမီတာနှင့် လာအိုနိုင်ငံဘက်တွင် (၂.၄၂) ကီလိုမီတာ ရှည်လျားပါသည်။

တရုတ်နိုင်ငံ၏ နည်းပညာစံချိန်စံညွှန်းများနှင့် ကိရိယာတန်ဆာပလာများကို အသုံးပြု ထားသည့် တရုတ်-လာအိုမီးရထားလမ်းမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ် ၏မြို့တော် ကူမင်းမြို့မှ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျန်းမြို့သို့ ဆက်သွယ်ထားတာ ကီလို မီတာ (၁) ထောင်ကျော် ရှည်လျားပါသည်။

အဆိုပါရထားလမ်းစီမံကိန်းအား ၂၀၂၁ ခုနှစ်အကုန်တွင် အပြီးသတ်၍ ဖွင့်လှစ်သွားရန် စီစဉ်ထားရှိပြီး ကူမင်းနှင့် ဗီယန်ကျန်းတို့အကြား ခရီးသွားလာချိန်အား ၁၂ နာရီခန့် လျှော့ချပေး သွားနိုင်ကြောင်း သိရပါသည်။

ရင်းမြစ်၊ Chinadaily (၁၄-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading