ပြည်ပသတင်းများ

ယခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ပိုမိုအသုံးပြုရန် မျှော်လင့် ထားသည့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံ၏ စွမ်းအင်ရင်းမြစ်ဖွံ့ဖြိုးရေးနှင့် တူးဖော်ရေး အားထုတ်ကြိုးပမ်းမှုများ ကြောင့် ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်သွင်းမှုမှာ  တိုးလာနိုင်ကာ၊ သဘာဝဓာတ်ငွေ့အသုံးပြုမှုမှာလည်း ကုဗပေ (၁၃) ဘီလီယံ တိုးမြင့်လာလျက် ကုဗပေ (၃၂၀) ဘီလီယံသို့ ရောက်ရှိနိုင်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးက ထုတ်ပြန်သည့် အစီရင်ခံစာ အရ သိရပါသည်။

၂၀၁၉ ခုနှစ်အတွင်း အရန်သိုလှောင်ထားရှိမှုနှင့် ထုတ်လုပ်မှုနှစ်ရပ်လုံးတွင် စံချိန်တင် မြင့်မားခဲ့ကာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုမှာလည်း ယခင်နှစ်ကထက် (၂၅.၇) ရာခိုင်နှုန်း တိုးတက်လာကာ ယွမ်ငွေ (၃၃၅.၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၉.၆ ဘီလီယံခန့်) သို့ ရောက်ရှိခဲ့ပါသည်။

အလားတူကာလအတွင်း အခြားနိုင်ငံများထံမှ တရုတ်နိုင်ငံအတွင်းသို့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုမှာ ကုဗပေ (၁၃၅.၂) ဘီလီယံသို့ ရောက်ရှိလာကာ (၆.၉) ရာခိုင်နှုန်းတိုးလာသည်ကို တွေ့ရပါသည်။

၂၀၁၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံက သဘာဝဓာတ်ငွေ့ဈေးကွက်တွင် ဈေးကွက်ဉီးတည် သော ပြုပြင်ပြောင်းလဲမှုများဆီသို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ တွန်းအားပေး ရာတွင်  အစီအစဉ်တကျ ဆောင်ရွက်ထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးနှင့် ဖွံ့ဖြိုး ရေးဈေးကွက်အား တံခါးဖွင့်ပေးခြင်း၊ ပေါင်းစည်းထားသော နိုင်ငံအဆင့် ကွန်ယက်တည်ဆောက် ရေးကို မြှင့်တင်ခြင်းနှင့် လေထုညစ်ညမ်းမှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် သဘာဝဓာတ်ငွေ ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို အပြည့်အဝပေးခြင်းတို့ ပါဝင်ပါသည်။

၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော လေထုညစ်ညမ်းမှုထိန်းချုပ်ရေး (၃) နှစ် လုပ်ငန်း စီမံချက်အရ တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ စုစုပေါင်း အခြေခံစွမ်းအင်အသုံးပြုမှု၌ သဘာဝဓာတ်ငွေ့အသုံးပြုမှုဝေစုအား (၁၀) ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua (၂၀-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading