ပြည်တွင်းသတင်းများ

Agricultural Research Master Plan (ARMP) ရေးဆွဲရေးဆိုင်ရာ Agricultural Production Projection Team (APPT) နှင့်စပ်လျဉ်းသည့် အစည်းအဝေး

Agricultural Research Master Plan (ARMP) ရေးဆွဲရေးဆိုင်ရာ Agricultural Production Projection Team (APPT) နှင့်စပ်လျဉ်းသည့်အစည်းအဝေးကို (၂၆-၈-၂၀၂၀) ရက်နေ့၊နံနက်(၉: ၃၀) နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၁၅)၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပခဲ့ ပါသည်။ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ Agricultural Production Projection Team (APPT) အဖွဲ့၏ ဖွဲ့စည်းမှုဆိုင်ရာ၊ လုပ်ငန်းတာဝန် TOR နှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အကြံပြုဆွေးနွေးရန် ဖြစ်ပါသည်။ အစည်းအဝေးကို အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပခဲ့ပြီး Agricultural Production Projection Team (APPT) မှ ဥက္ကဋ္ဌဖြစ်သူ စီမံကိန်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်မှ အဖွင့်အမှာစကား ပြောကြားကာ ၎င်းအစည်း အဝေးသို့ APPT အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်လျက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ADS and Investment Plan ကို ရေးဆွဲချမှတ်ခြင်း နှင့်အတူ ARMP ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လက်ရှိ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်လုပ် မှုကို အခြေခံပြီး နောင်အနာဂတ် (၂၀၄၀) ခုနှစ်အထိ နိုင်ငံ၏လူဦးရေ တိုးပွားလာမှုအတွက် လိုအပ်မည့် လယ်ယာသားငါး ထုတ်လုပ်မှု၊ စားသုံးမှု စသည်တို့ကို ကြိုတင်ခန့်မှန်းနိုင်ရေးအတွက် ကိန်းဂဏန်း အချက်အလက်များ စုစည်းနိုင်ရေး၊ ရှေ ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် Coordinating Committee သို့ (၂၀၂၀)ပြည့်နှစ်၊ဒီဇင်ဘာလတွင် အစီရင်ခံစာ ရေးသားတင်ပြနိုင်ရေး တို့နှင့် စပ်လျဉ်း၍ တတ်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး နေ့လည် (၁၁:၃၀) အချိန်တွင် အစည်းအဝေး ပြီးဆုံးခဲ့ပါ သည်။

Loading