ပြည်ပသတင်းများ

CIRDAP ၏ Executive Committee (EC) Meeting (၂၄-၈-၂၀၂၀)

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန (Center on Integrated Rural Development for Asia and the Pacific – CIRDAP) ၏ Executive Committee (EC) Meeting ကို ဒါကာမြို့ CIRDAP ရုံးချုပ်မှ ကြီးမှူး၍ (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီတွင် Virtual Meeting ပုံစံဖြင့် ကျင်းပပြုလုပ်ရာ အဆိုပါ First EC Virtual Meeting သို့ မြန်မာနိုင်ငံဆိုင်ရာ CIRDAP ၏ EC Member ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း မှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် Chairperson အဖြစ် သီရိလင်္ကာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း (၁၅) နိုင်ငံအနက် (၁၁) နိုင်ငံမှ အမှုဆောင်ကော်မတီ (Executive Committee) အဖွဲ့ဝင်များ ပါဝင်တက်ရောက်ပြီး CIRDAP ၏ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့် အကျိုးခံစားခွင့်ဆိုင်ရာ ကိစ္စရပ် များ၊ အဖွဲ့ဝင်များ၏ နှစ်စဉ်ကြေး ထည့်ဝင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လုပ်သက်ဆုငွေ သတ်မှတ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွင်း ငွေကြေးမဟုတ်သည့် ကူညီထောက်ပံ့ခြင်းဆိုင်ရာကိစ္စရပ်များ နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများအပေါ် သုံးသပ်ခြင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အဖွဲ့အစည်းသည် ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်း ရပ်များအား အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ (ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဖီဂျီနှင့် ပါကစ္စတန် နိုင်ငံ) တို့ ပါဝင်ပြီး မြန်မာနိုင်ငံ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)သည် ၁၉၉၅ ခုနှစ်မှ စတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ CIRDAP အဖွဲ့ ရုံးချုပ်တည်ရှိရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါသည်။

Loading