ပြည်တွင်းသတင်းများ

အမျိုးသားလွှတ်တော် အဆောင် ၁၄ ၌ “မြန်မာ့ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ” ကျင်းပ

မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy-ADS) နှင့် ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဆိုင်ရာစီမံကိန်း MS-NPAN မျှော်မှန်းချက်များ ပြည့်မီစေရန် အတွက်  ဖော်ဆောင်ရမည့် လုပ်ငန်းများအား ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လွှတ်တော်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အထောက်အကူ ပြုစေရန် ရည်ရွယ်ကာ “မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) ဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲကို ဇူလိုင်လ (၃၀) ရက်နေ့ နေ့လည်(၁၂)နာရီက အမျိုးသားလွှတ်တော် အဆောင် (၁၄) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၊ ဥက္ကဌ ဦးအောင်ကြည်ညွန့် နှင့် EU Head of Cooperation မှ Mr. Johann Hesse တို့က အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းကလည်းကောင်း၊ ADS နှင့် Investment Plan  အား ပထမနှစ် (၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်) အတွင်း အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေများကို Agriculture Development Strategy Implementation Support Unit – ADSISU ၏ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ ဥက္ကဌ နှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Loading