ပြည်တွင်းသတင်းများ

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆-၇ရက် Costing Methodology ဆိုင်ရာသင်တန်းဖွင့်ပွဲ

ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Agricultural Development Strategy-ADS)၊ ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဟာရ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာစီမံကိန်း (Multi-Sectoral for National Plan of Action on Nutrition-MS-NPAN) နှင့် အဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အစီအစဉ် (Nutrition Sector Reform Contract-NSRC) ဆိုင်ရာ အဟာရအ ထောက်အကူပြု အကောင် အထည်ဖော်မှု လုပ်ငန်းစဉ်များ ရေးဆွဲ၍ ဘက်ဂျက်တွက်ချက်မှုများ ဆောင်ရွက်နိုင်ရန် အတွက် Costing Methodology ဆိုင်ရာသင် တန်းကို EU-My Governance Project ၏နည်းပညာအကူအညီဖြင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၆)ရက်နေ့နှင့် (၇)ရက်နေ့တွင် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စီမံ ကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်းမှ အဖွင့်အမှာစကား ပြောကြား၍ EU PFM TA Team ၏ PFM ကျွမ်းကျင်ပညာရှင်ဖြစ်သူ Ms. Sylvie Zaitra မှ သင်တန်း ကျင်းပရခြင်းအကြောင်းအား ရှင်းလင်းမိတ်ဆက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရှိ ဦးစီးဌာနများအားလုံး Plan Based Bud -get ကို အကောင် အထည်ဖော်နိုင်ရန်၊ ဌာနမှ ဆောင်ရွက္မည့် လုပ်ငန်းများအပေါ် ဘက်ဂျက်မှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်ရန်၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် MS-NPAN နှင့် NSRC Costing တွက်ချက်မှုများ ဆောင်ရွက်နိုင်ရန်၊ M&E Team မှ ဆောင်ရွက် ထားသော MS- NPAN Result Framework နှင့် FAO MS-NPAN Team မှ ဆောင်ရွက်ထားသော ရှမ်းပြည်နယ်၏ MS-NPAN အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အဆင့်တွင် ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

အဆိုပါ သင်တန်းသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဥရောပသမဂ္ဂ၊ UNICEF၊ EU -FAOတို့မှ နည်းပညာ အကူအညီပေးရေးအဖွဲ့များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဘဏ္ဍာရေး တာဝန်ခံများနှင့် MS-NPAN တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းတွင် MS-NPAN Framework နှင့်စပ်လျဉ်းသည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် ရေးဆွဲခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အတွက် MS-NPAN Costing တွက်ချက် ခြင်း၊ အဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်(NSRC) တွင် ပြည်သူ့ဘဏ္ဍာငွေ စီမံ ခန့်ခွဲရေး ကဏ္ဍ၏ အရေးပါပုံ၊ ဝန်ကြီးဌာန၏ အသုံးစရိတ် တွက်ချက်မှုနည်းလမ်းများ၊ အဟာရအထောက်အကူပြု အသုံးစရိတ်များ ထည့်သွင်းတွက်ချက်ခြင်း၊ ADS / MS-NPAN ဆိုင်ရာ ရလဒ်မူဘောင် (Result Framework)တွင် Activities များ ဖြည့်စွက်ခြင်း၊ ADS / MS -NPAN / NSRC Costing နှင့် စပ်လျဉ်းသည့် Template နှင့် Guidelines များ အသုံးပြုပုံတို့ကို ရှင်းလင်း သင်ကြားပေးခဲ့ပါသည်။

Loading