ပြည်ပသတင်းများ

COVID – 19 စမ်းသပ်စစ်ဆေးနိုင်စွမ်း နှစ်ဆ တိုးတက်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ ယူရို သန်း ၅၀ သုံးစွဲမည်

လာမည့်တုပ်ကွေးရာသီကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ စမ်းသပ်စစ်ဆေးနိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ သည် ယူရိုသန်း (၅၀) ကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ် ကြောင်း ဖက်ဒရယ်ဝန်ကြီး Philippe De Backer က ကြေညာခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံ အနေဖြင့် လာမည့် ဆောင်းဦးရာသီကာလတွင် ရောဂါစမ်းသပ်စစ်ဆေးမှုများ အများအပြား ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စမ်းသပ်စစ်ဆေးခြင်း အစီအစဉ် (nationwide testing platform) ကို ချမှတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

             အဆိုပါ platform အရ ဘယ်လ်ဂျီယံနိုင်ငံတစ်ဝန်းရှိ ဆေးပညာဆိုင်ရာဓါတ်ခွဲခန်းများ ၏ ရောဂါစမ်းသပ်စစ်ဆေးနိုင်စွမ်းကို နေ့စဉ်စစ်ဆေးမှု ၁၅,၀၀၀ မှ ၂၀,၀၀၀ အကြား အရေအတွက် မှ ၄၀,၀၀၀ မှ ၅၅,၀၀၀ အကြားသို့ တဖြည်းဖြည်းချင်း မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၏  ရောဂါစမ်းသပ်စစ်ဆေးမှုဆိုင်ရာ national platform သည် နေ့စဉ် ရောဂါစမ်းသပ်စစ်ဆေးမှု အရေအတွက် ၄၀,၀၀၀ ဝန်းကျင်ကို မတူညီသည့် နေရာ (၇) ခု တွင် တက္ကသိုလ်ဆေးရုံဓါတ်ခွဲခန်းများ၏လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်သွားမည်ဟု Philippe De Backer က ပြောကြားခဲ့ကြောင်းသိရသည်။ လာမည့်ဆောင်းဦးရာသီကာလတွင် ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှု မြင့်တက်လာပါက အများပြည်သူကျန်းမာရေးစနစ်အပေါ် ထပ်မံ၍ ဝန်ပိနိုင်သည့် အခြေအနေမှရှောင်လွှဲနိုင်ရေးအတွက် ရောဂါစစ်ဆေးနိုင်စွမ်းကို တိုးမြှင့်ရန် ဖက်ဒရယ် ကျန်းမာရေး အဖွဲ့အစည်း Sciensano က တောင်းဆိုခဲ့ပြီးနောက် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရင်းမြစ်  –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading