ပြည်ပသတင်းများ

ဘယ်လ်ဂျီယံနိုင်ငံမှ လာရောက်မည့်သူများအတွက် ခရီးသွားဆိုင်ရာ ကန့်သတ်ချက်များအား ဂရိနိုင်ငံ တင်းကျပ်မှုပြုလုပ်

လာမည့်သြဂုတ်လ ၁၇ ရက်မှစတင်၍ ဘယ်လ်ဂျီယံ နိုင်ငံမှ ဂရိနိုင်ငံသို့ ခရီးသွားလာ မည့်သူများအနေဖြင့် ဆိုက်ရောက်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကင်းစင်ကြောင်း (negative coronavirus test)  ပြသရန်လိုအပ်မည်ဟု ဂရိနိုင်ငံအစိုးရက ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါကင်းစင်ကြောင်း စစ်ဆေးချက်ရလဒ်အား ဂရိနိုင်ငံအတွင်းသို့ မဝင်ရောက်မီ  (၇၂) နာရီအတွင်း စစ်ဆေးထားခြင်းဖြစ်ရန်လည်း လိုအပ်မည်ဖြစ်သည်။

             အဆိုပါ ဂရိနိုင်ငံ၏ ကန့်သတ်ချက်သည် နယ်သာလန်၊ စပိန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံ တို့မှ လာရောက်မည့် ခရီးသွားများအတွက်လည်း အကျုံးဝင်မည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာပျံ့နှံ့ကူးစက်မှုကို တားဆီးနိုင်ရန်အတွက် ဂရိနိုင်ငံအနေဖြင့် ယခုအစီအမံအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဗိုင်းရပ်စ်သည် ပို၍လျင်မြန်စွာဖြင့် ပျံ့နှံ့လျက်ရှိနေသည်ဟု ဂရိ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဖြစ်သူ Vassilis Kikilias က ပြောကြားခဲ့ကြောင်း၊ ဂရိနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု တွေ့ရှိခဲ့ချိန်မှစတင်၍ စုစုပေါင်း ရောဂါကူးစက်ခံရသူ (၅၆၂၃) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ရင်းမြစ်  –    (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading