ပြည်ပသတင်းများ

ခရိုအေးရှားနိုင်ငံတွင် အားလပ်ရက်အပန်းဖြေခရီးသွား ဦးရေ (၅) သိန်းခန့် ရောက်ရှိနေခြင်း

eVisitor system မှ ကောက်ယူခဲ့သည့် စာရင်းများအရ လက်ရှိတွင် ခရိုအေးရှားနိုင်ငံ၌ နိုင်ငံခြားသားအရေအတွက် (၄၃၀,၀၀၀) အပါအဝင် အားလပ်ရက်အပန်းဖြေလာရောက်သည့် ခရီးသည်ဦးရေ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။ ပြည်ပမှ လာရောက်သည့် အပန်းဖြေခရီးသွား အများစုမှာ ဂျာမနီ၊ ဆလိုဗေးနီးယား၊ ချက်၊ ပိုလန်၊ သြစတြီးယား၊ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့မှဖြစ်ကြကြောင်း ခရိုအေးရှားအမျိုးသားခရီးသွားလာရေးဘုတ်အဖွဲ့မှ ပြောကြား သည်။ ဇွန်လလယ်တွင် လေကြောင်းလိုင်းများ ပြန်လည်တိုးမြှင့်ပြေးဆွဲလာပါက ဗြိတိန်၊ ပြင်သစ်နှင့် စကန်ဒီနေးဗီးယန်းနိုင်ငံများမှ ခရီးသွားများ ပိုမိုလာရောက်မည်ဟု မျှော်မှန်းထား ကြောင်းနှင့် ရောဂါကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာအစီအမံများကို လိုက်နာရန်အရေးကြီးကြောင်း ကိုလည်း  ခရိုအေးရှား အမျိုးသားခရီးသွားလာရေးဘုတ်အဖွဲ့၏ ညွှန်ကြားရေးမှူး Kristjan Stanicic က ပြောကြားခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ခရီးသွားဧည့်သည် ရောက်ရှိမှု အရေအတွက် (၆) သိန်း မှတ်ပုံတင်ထားပြီး၊ အဆိုပါအရေအတွက်မှာ ယခင်နှစ်အလားတူကာလ ၏ ၄၆ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းခရီးသွားများမှ overnight stays အရေအတွက် (၄.၄) သန်းခန့် ရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ကာလတူအရေအတွက်၏ ၅၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ရင်းမြစ် –   (Croatia Week)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading