ပြည်ပသတင်းများ

အထူးကုန်သွယ်ခွင့် ပြန်လည်ရုပ်သိမ်းခြင်းကြောင့် အမေရိကန် လုပ်ငန်းများ အထိနာမည်ဖြစ်ကြောင်း အမေရိကန်ကုန်သည်ကြီးများ အသင်းက အသိပေးပြောကြားခြင်း

အမေရိကန်သမ္မတထရန့်က ၁၉၉၂ ခုနှစ်က သဘောတူထားခဲ့သည့် United States-Hong Kong Policy Act အရ ပေးအပ်ထားသည့် အထူးကုန်သွယ်ခွင့်များကို ပြန်လည်ရုပ်သိမ်း မည့် ညွှန်ကြားချက် (Executive Order) ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် (၂) ရက်အကြာ၌ ဟောင်ကောင်အထူးကုန်သွယ်ခွင့်များ ရုပ်သိမ်းမှုကြောင့် ဟောင်ကောင်ရှိ အမေရိကန်စီးပွားရေး လုပ်ငန်းများထိခိုက်နိုင်ကြောင်း ဟောင်ကောင်ဒေသရှိ အကြီးမားဆုံး နိုင်ငံတကာစီးပွားရေး အုပ်စုဖြစ်သည့် အမေရိကန်ကုန်သည်ကြီးများအသင်းက ပြောကြားခဲ့ကြောင်း၊ ဟောင်ကောင် အမျိုးသား လုံခြုံရေးဥပဒေကြောင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒကို အဟန့်အတားဖြစ်စေပြီး ဟောင်ကောင်ကို တရုတ်ပြည်မကြီးနှင့် တန်းတူထား ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံသို့ ဝင်ရောက်ရန် ဟောင်ကောင်ပတ်စ်ပို့ကိုင်ဆောင်သူများကို ပေးအပ်ထားသည့် အထူး အခွင့်အရေးများကိုလည်း မကြာမီ ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်သည့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒေသအရာရှိကြီး များကို အရေးယူသည့်ဥပဒေကိုလည်း သမ္မတထရန့်မှ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများကို အခွန်ကောက်ခံသကဲ့သို့ ဟောင်ကောင်ဒေသထုတ် ပစ္စည်းများတင်ပို့မှု နှင့် အမေရိကန်မှ စစ်လက်နက်ပစ္စည်းများ တင်သွင်းမှုအပေါ်ကိုလည်း အခွန်ကောက်ခံသွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်သို့ အမေရိကန်နိုင်ငံမှ အဆင့်မြင့်နည်းပညာသုံး ကုန်စည်များ တင်သွင်းမှုနှင့် အမေရိကန်သို့ ကျောင်းသားများ သင်တန်းတက်ရောက်ခွင့်များကို ပယ်ဖျက်ခြင်း များလည်း ပါဝင်ကြောင်း၊ ၁၉၉၇ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့်ဥပဒေကြောင့် ဟောင်ကောင်ဒေသသည် ကမ္ဘာ့စီးပွားရေး အချက်အချာကျသည့်ဒေသအဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အင်ဒို-ပစိဖိတ် ဒေသရှိ အမေရိကန်၏အကျိုးစီးပွားကို အကာကွယ်ပေးရန် ရည်ရွယ်ခဲ့ကြောင်း၊ ဟောင်ကောင်ရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများ ရှင်သန်ရန်မှာ ကုန်ပစ္စည်းများအတွက် ပွင့်လင်းမြင်သာပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဈေးကွက်နေရာနှင့် စီးပွားရေးစနစ်ကောင်းများဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား ငွေကြေးလဲလှယ်မှု မူဝါဒနှင့် ပတ်သက်၍ အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး မူဝါဒမရှိလျှင် အောင်မြင်ရန်ခက်ခဲမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများနှင့် စီးပွားရေးကိုလည်း ထိခိုက်နိုင်ကြောင်း၊ သို့သော် ဟောင်ကောင်၌ ငွေသားများ လွတ်လပ်စွာစီးဆင်းမှု၊ ဥပ‌ဒေစိုးမိုးမှု၊ ကျွမ်းကျင်ပညာရှင် များနှင့် ရိုးရှင်းပြီး နိမ့်ပါးသည့် အခွန်ကောက်ခံမှုစနစ်ကို ကျင့်သုံးမည်ဟုပြောကြားထား သော်လည်း ဟောင်ကောင်အနေဖြင့် ကမ္ဘာ့ငွေကြေးအချက်အချာကျသည့် ဒေသအဖြစ် ကြာရှည်စွာ ရပ်တည်ရန်မဖြစ်နိုင်ဟု အမေရိကန်ဘက်က ပြောကြားခဲ့ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အရှိန်မြင့်တက်နေသည့်အကြားတွင် ဟောင်ကောင်ဒေသသည် အရေး ပါသည့်ကဏ္ဍမှ ပါဝင်နေမည်ဖြစ်ကြောင်း၊ တရုတ်ပြည်မကြီး ကုမ္ပဏီများအတွက် ရန်ပုံငွေ ထည့်ဝင်မှုများ တိုးရန်ဟောင်ကောင်စတော့ရှယ်ယာဈေးကွက်မှ ပံ့ပိုးမှုများရှိနေမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ ဂျီဒီပီမှာ COVID-19 ကြောင့် ယခုနှစ်တွင် (၇.၂) ရာခိုင်နှုန်းအထိ လျော့ကျ နိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denis Tsang က“Revoking of Special Trade Status will hurt US Firms, AmCharm warns” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading