ပြည်ပသတင်းများ

Cathay Pacific လေကြောင်းလိုင်းမှ ဟောင်ကောင်ဒေါ်လာ (၉.၉) ဘီလီယံဆုံးရှုံးခြင်းနှင့် သမိုင်းတွင်အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ပထမ (၆) လအတွင်း Cathay Pacific လေကြောင်းလိုင်းအနေဖြင့် ဟောင်ကောင်ဒေါ်လာ (၉.၉) ဘီလီယံဆုံးရှုံးနိုင်ကြောင်းမျှော်လင့်ထားပြီး သမိုင်းတွင် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း၊ CathayPacific လေကြောင်းလိုင်းအား ဟောင်ကောင်ဒေါ်လာ (၂၇.၃) ဘီလီယံကို ထောက်ပံ့ထားရာ လေ့လာသုံးသပ်ရန် ဟောင်ကောင်အစိုးရမှ လေ့လာသူ (၂) ဦး ခန့်အပ်၍ စစ်တမ်းကောက်ခဲ့ကြောင်း၊ COVID-19 ကြောင့် ခရီးသွားသူများ လျော့နည်းကာ Cathay Pacific လေကြောင်းလိုင်း ပြေးဆွဲမှုကို ထိခိုက်လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသ၌ ပြန်လည်ကူးစက်နေသည့် COVID-19 Third wave (တတိယလှိုင်း) ကြောင့်လည်း စိုးရိမ်ဖွယ် ဖြစ်ကြောင်း၊ ၁၄-၇-၂၀၂၀ ရက်နေ့က အစိုးရမှ အလုပ်သမားများအား ထောက်ပံ့သည့်အစီအစဉ် မှ ဟောင်ကောင်ဒေါ်လာ (၆၈၀) မီလီယံ ရရှိခဲ့ကြောင်း၊ ဇွန်လတွင် ပုံမှန်ခရီးသည်များ၏ (၁) ရာခိုင်နှုန်းအောက် လျော့နည်းသည့် အရေအတွက်သာ စီးနင်းလိုက်ပါခဲ့ကြောင်း၊ ဧပြီနှင့် မေလ တို့တွင် (၃) ရာခိုင်နှုန်းခန့်နှင့် ဇူလိုင်လတွင် (၇) ရာခိုင်နှုန်းသာ စီးနင်းလိုက်ပါခဲ့ကြောင်း၊ Cargo လေကြောင်းပြေးဆွဲမှုမှာ (၄၃) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်းနှင့် ဩဂုတ်လတွင် ခရီးသည်များ (၁၀) ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Danny Lee က “Cathay Pacific faces HK$ 9.9 b loss, the biggest in its history” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading