ပြည်ပသတင်းများ

အလုပ်သမားများကို အတင်းအကြပ်စေခိုင်းမှု စွပ်စွဲချက်များဖြင့် အမေရိကန်မှ ကန့်သတ်တားမြစ်မှုများ ပြုလုပ်သော်လည်း ဟောင်ကောင်အထည်ချုပ်လုပ်ငန်း Esquel သည် ရှင်းကျန်းဒေသရှိ စက်ရုံအား ဆက်လက်ဖွင့်လှစ်ထားမည်

အမေရိကန်၏ ဥပဒေမူကြမ်းတွင် ကန့်သတ်တားမြစ်ခံရမည့် ကုမ္ပဏီ (၆) ခုတွင် Esquel သည် ရှင်းကျန့် (Xinjiang) ဒေသရှိ စက်ရုံ၌ အလုပ်သမားများ အတင်းအကြပ်စေခိုင်းမှုကြောင့် ကန့်သတ်တားမြစ်ခံရမည့် ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ COVID-19 ကြောင့် Esquel အပါအဝင် ယှဉ်ပြိုင်ဖက် ကမ္ဘာ့ဖက်ရှင်လုပ်ငန်းများမှာလည်း ထိခိုက်လျက်ရှိကြောင်း၊ နှစ်ပေါင်း (၄၂) နှစ်ကြာပြီဖြစ်သော ဟောင်ကောင်အခြေစိုက်အထည်အလိပ်လုပ်ငန်းကုမ္ပဏီ Esquel သည်လည်း ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ Esquel သည် ၁၉၉၀ ခုနှစ်တွင် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ရှင်းကျန်းဒေသ၌ စက်ရုံစတင်လည်ပတ်ဆောင်ရွက်ခဲ့ကြောင်း၊ အခြားသော ကန့်သတ်တားမြစ်ခံရမည့်ကုမ္ပဏီ (၅) ခုမှာ တရုတ်ပြည်မကြီး ကုမ္ပဏီများဖြစ် ကြောင်း၊ အနောက်နိုင်ငံမှ ကုမ္ပဏီများမှာလည်း အဆိုပါ အလုပ်သမားအတင်းအကြပ်စေခိုင်း သည့်ကုမ္ပဏီများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ Esquel ၏ ဝယ်ယူသူများတွင် Nike ၊ Patagonia နှင့် Tommy Hilfiger တို့ပါဝင်ကြောင်း၊ ဥပဒေမူကြမ်းအား အတည်ပြုပြီးလျှင် ပေကျင်းမှ Uygur မူစလင်များကို ထိန်းသိမ်းထားခြင်းအား စွပ်စွဲမှုများနှင့် အလုပ်သမားကို အတင်းအကြပ်စေခိုင်းမှု များကြောင့် ရှင်းကျန်းမှ အမေရိကန်သို့ တင်ပို့မှုများ ကန့်သတ်တားမြစ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်များမှာ အမေရိကန်အရာရှိများနှင့် နိုင်ငံရေးသမားများကို တရုတ်မှ ကန့်သတ်တားမြစ်ခဲ့မှု များနှင့်လည်း အပြန်အလှန်ပတ်သက်နေကြောင်း၊ Esquel သည် အဝတ်အထည် (၁၀၀) မီလီယံ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံ ကို နှစ်စဉ်ထုတ်လုပ်လျက်ရှိပြီး သုံးပုံ တစ်ပုံမှာ အမေရိကန်သို့ တင်ပို့နေကြောင်း၊ Esquel သည် အမေရိကန်မှ ကန့်သတ်မှုများပြုလုပ် လျှင်ပင် ရှင်းကျန်း၌ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ချည်မျှင်စက်ရုံ (၃) ရုံ ကို ၁၉၉၅၊ ၁၉၉၈ နှင့် ၂၀၀၉ ခုနှစ်တို့တွင် အသီးသီးတည်ထောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတောင်ပိုင်းရှိ ဖိုရှန်း နှင့် ဗီယက်နမ်နိုင်ငံတို့ရှိ စက်ရုံများမှာ ကြီးမားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် အလုပ်သမားအရေ အတွက်လည်း များပြားကြောင်း၊ ရှင်းကျန်းသည် တည်နေရာအရ မဟာဗျူဟာကျသည့် နေရာ တွင်ရှိကြောင်း၊ ရှင်းကျန်းဒေသရှိ စက်ရုံမှ ထုတ်လုပ်သည့်အင်္ကျီများမှာ နာမည်ကြီးကုန်အမှတ် တံဆိပ်များလည်း ပါဝင်ကြောင်း၊ တရုတ်နိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်၊ နင်ဘို (Ningbo) ရှိ စက်ရုံနှင့် မလေးရှားနိုင်ငံရှိ စက်ရုံ (၂) ရုံတို့ကို ပိတ်သိမ်းခဲ့ကြောင်း၊ မောရေးရှပ်စ်ရှိ စက်ရုံကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ စက်ရုံ (၄) ရုံ ပိတ်သိမ်းမှု ကြောင့် အလုပ်သမားဦးရေ (၁၀,၀၀၀) ခန့် အလုပ်ရပ်နားရမည်ဖြစ်ကြောင်း၊ COVID-19 ကြောင့် ထုတ်ကုန်အမျိုးမျိုး ပြောင်းလဲထုတ်လုပ်သည့် စီးပွားရေးမဟာဗျူဟာအရ ပြန်လည်အသုံးပြုနိုင် သည့် ဘက်တီးရီးယားကာကွယ်နိုင်သည့် နှာခေါင်းစည်းများကို ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြောင်းလဲ ထုတ်လုပ်ခဲ့ကြောင်း၊ မတ်လမှစတင်၍ နှာခေါင်းစည်း (၃၅) မီလီယံကို ရောင်းချခဲ့ရာ စင်ကာပူနိုင်ငံ Temasek Foundation သို့ နှာခေါင်းစည်း (၁၀) မီလီယံ ရောင်းချခဲ့ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူလူထုမှကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုအလေး ထားလာသောကြောင့် မျက်နှာအကာအကွယ်ပုဝါများကိုလည်း Esquel မှ ဆက်လက်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Peggy Sito နှင့် Shad Bray က“Hong Kong textile firm Esquel to keep its Xinjiang factories open despite US sanctions threat over ‘forced labour’ accusations” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading