ပြည်ပသတင်းများ

စီးပွားရေးကျဆင်းမှုထက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုက ပိုမို စိုးရိမ်ဖွယ်ဖြစ်လာကြောင်း တရုတ်နိုင်ငံရှိ ဩစတြေးလျလုပ်ငန်းများက ပြောကြားခြင်း

တရုတ်နိုင်ငံရှိ ဩစတြေးလျ စီးပွားရေးလုပ်ငန်းများမှာ COVID-19 ကြောင့် စီးပွားရေး ကျဆင်းမှုထက် တရုတ်-ဩစတြေးလျ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုကြောင့် စီးပွားရေးထိခိုက် မှာကို ပိုမိုစိုးရိမ်နေကြောင်း၊ ပေကျင်း၊ တရုတ်ပြည်‌တောင်ပိုင်းနှင့် တရုတ်ပြည်အနောက်ပိုင်း တို့တွင် ဩစတြေးလျစီးပွားရေးလုပ်ငန်း (၈၇) ခုကို စစ်တမ်းကောက်ယူခဲ့ရာတွင် လုပ်ငန်း(၇၀) ရာခိုင်နှုန်းမှာ ယိုယွင်းနေသော နှစ်နိုင်ငံဆက်ဆံရေးကြောင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း၊လုပ်ငန်း (၅၀) ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၏စီးပွားရေးကျဆင်းမှုကြောင့့််လည်းကောင်း၊ (၄၇) ရာခိုင်နှုန်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုကြောင့်လည်းကောင်း စိုးရိမ်လျက်ရှိကြောင်း၊ COVID-19 ကြောင့်နှစ်စဉ် ဝင်ငွေမှာ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဦးပိုင်းတွင် (၂၀) ရာခိုင်နှုန်း လျော့ကျမည်ဖြစ် ကြောင်း၊ တရုတ်နှင့် ဩစတြေးလျနိုင်ငံတို့အကြား စီးပွား‌ရေးချိတ်ဆက်မှုများမှာ ဆက်လက် ကောင်းမွန်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဈေးကွက်တွင် ဩစတြေးလျလုပ်ငန်းများအနေဖြင့် ကာလလတ်နှင့် ကာလရှည်အတွက် အခွင့်အလမ်းကောင်းများ ရှိနိုင်မည်ဟု မျှော်လင့်လျက် ရှိကြောင်း၊ COVID-19 မဖြစ်ပွားခင်ကာလက ဩစတြေးလျ စီးပွားရေးလုပ်ငန်းများမှာ တရုတ် နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်‌ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလက ဩစတြေးလျမှ တင်ပို့သည့် ဘာလီများကို မူရင်းနိုင်ငံဈေးကွက်ရှိ ဈေးနှုန်းအောက် လျော့ချရောင်းသည့်အပေါ် ကောက်ခံသည့်အခွန် (anti-dumping tariff) (၈၀.၅) ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း၊ ဘာလီ အပေါ် အခွန်ကောက်ခံမှုနှင့် ငွေကြေးလဲလှယ်မှုတွင် ငွေကြေးဖောင်းပွမှုများမှာ နှစ်နိုင်ငံလုံး အတွက်အန္တရာယ်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဩစတြေးလျနိုင်ငံမှ အမဲသားများ တင်ပို့မှုအပေါ် ပိတ်ပင်ခဲ့မှုကြောင့်လည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက စတင်၍ သဘောထားကွဲလွဲမှုများဖြစ်ခဲ့ ကြောင်း၊ ဩစတြေးလျမှ ဝိုင်တင်ပို့သည့် ကုမ္ပဏီ Shaw Wines ၏ တရုတ်နှင့် စီးပွားရေး လုပ်ဆောင်မှုမှာ ကောင်းမွန်လျက်ရှိကြောင်း၊ ပေကျင်းမှ တိုက်ရိုက်ကုန်သွယ်မှု ပိတ်ပင်ရန်ကို မလိုလားကြောင်း တရုတ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် Shaw နှင့် အခြားသော စီးပွားလုပ်ငန်း များမှ ပြောကြားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က Liaoning ပြည်နယ်ရှိ Dalian ဆိပ်ကမ်း၌ ဩစတြေးလျ ကျောက်မီးသွေးများကို အကောက်အခွန်စစ်ဆေးရန် အချိန်ကို တိုးမြှင့်ခဲ့ခြင်းမှာ လည်း သိမ်မွေ့စွာဖြင့် ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်သို့ ဩစတြေးလျ ပို့ကုန် များတင်ပို့မှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် နှိုင်းယှဉ်လျှင် မေလ၌ (၈) ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊ တရုတ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှာ ဩစတြေးလျနိုင်ငံ၏ ပို့ကုန်အများဆုံး တင်ပို့ သည့် နိုင်ငံများဖြစ်ကြောင်း၊ တရုတ်အနေဖြင့် အခြားသော ကုန်သွယ်ဖက်အများဆုံး နိုင်ငံဖြစ် သည့် ဘရာဇီးလ်နိုင်ငံ၌ COVID-19 ဆိုးရွားစွာ ဖြစ်ပွားလျက်ရှိသဖြင့် ကုန်သွယ်မှုနှေးကွေးလျက် ရှိရာ ဩစတြေးလျနိုင်ငံမှ အစားအစာနှင့်အဖျော်ယမကာများ ဆက်လက်ဝယ်ယူသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိ ဩစတြေးလျနိုင်ငံမှ တင်သွင်းမှုမှာ မြင့်တက်ခဲ့ကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ တင်သွင်းမှုမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှလွဲ၍ ကျန်သည့် လများတွင် (၄) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ တရုတ်-ဩစတြေးလျ ကုန်သွယ်ရေးစစ်ပွဲမဖြစ် စေရန်နှင့်ရပ်တန့်နိုင်ရန်မှာ တရုတ်အနေဖြင့် အမေရိကန်နိုင်ငံနှင့် ယှဉ်ပြိုင်သကဲ့သို့ ဩစတြေးလျ နှင့် မယှဉ်ပြိုင်သင့်ကြောင်း၊ ဩစတြေးလျ၏ ထိပ်တန်းပို့ကုန်များမှာ ပညာရေး၊ ခရီးသွားလုပ်ငန်း နှင့် သတ္ထုတူးဖော်ခြင်းတို့ဖြစ်ပြီး ပို့ကုန်အများစုမှာ တရုတ်၏ ပို့ကုန်များနှင့် ယှဉ်ပြိုင်မှုမရှိသော ကြောင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ဆက်ဆံရေးဖြစ် ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက် နေ့ထုတ် South China Morning Post သတင်းစာ၌ Su-Lin tan က “Australia firms in China say bilateral tensions now a bigger risk than weak: survey” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading