ပြည်တွင်းသတင်းများ

(၄၁) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၊ (၁၉) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး နှင့် (၅) ကြိမ်မြောက် အာဆီယံ−အိန္ဒိယလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးတို့ကို ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာအောင်သူဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက် ရောက်

(၄၁) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်း အဝေး၊ (၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ−အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်း အဝေးတို့ကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ဘရူနိုင်းဒါရူဆလမ်နိုင်ငံရှိ Empire Hotel  ၌ အသီးသီး၌ ကျင်းပခဲ့ကြရာ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာအောင်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

(၂)     ဘင်းမ်စတက်စိုက်ပျိုးရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ပထမအကြိမ် ဘင်းမ် စတက် စိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင်လည်းကောင်း၊ ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် လည်းကောင်း နေပြည်တော်ရှိ Hilton ဟိုတယ်၌ပြုလုပ်ခဲ့ပါသည်။

Loading