ပြည်တွင်းသတင်းများ

၂၀၂၀ခုနှစ်၏ ဒုတိယကြိမ်မြောက် မူဝါဒဆွေးနွေးပွဲကို (၁၂-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်၌ ရုံးအမှတ် (၁၅)၊ အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပ

လယ်ယာကဏ္ဍ မူဝါဒနှင့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်၊ ဝန်ထမ်းများ၏ မူဝါဒဆိုင်ရာ ဗဟုသုတနှင့်စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် စီမံကိန်းဦးစီးဌာနသည် မူဝါဒဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ၂၀၂၀ခုနှစ်၏ ဒုတိယကြိမ်မြောက် မူဝါဒဆွေးနွေးပွဲကို (၁၂-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်၌ ရုံးအမှတ် (၁၅)၊ အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပခဲ့ရာ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကြံနှင့် သကြားထွက် ပစ္စည်းလုပ်ငန်း ရှင်များအသင်း၏ ဒုတိယဥက္ကဌ ဦးစံသိန်းမှ “The role of Public Sector in Processed Industry Development” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံ ကြံနှင့် သကြားထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ့စိုက်ပျိုးရေး ကွန်ယက်တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Loading