ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး လမ်းပြမြေပုံ ရေးဆွဲရေးဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ (The 1st National Consultative Workshop For the Food Safety Road Map Development)

မြန်မာနိုင်ငံ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး လမ်းပြမြေပုံ ရေးဆွဲရေးဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ (The 1st National Consultative Workshop For the Food Safety Road Map Development) ကို (၆-၃-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် Grand Amara Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်  ဦးကျော်မင်းဦးက အဖွင့်အမှာစကား​ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ (ADS)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ADS ၏ ထပ်ဆင့်ရလဒ် “၃.၇” ပါ စားသောက်ကုန်အရည်အသွေးနှင့် ဘေးကင်းစိတ်ချမှု ရရှိစေရေးအတွက် လိုအပ်သည့် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းပြမြေပုံတစ်ခုရေးဆွဲပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်သည့် ကဏ္ဍပေါင်းစုံမှ ဆွေးနွေးမှုများ၊ ဝေဖန်မှုများ၊ အကြံပြုချက်များ စုစည်းနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ Roadmap ရေးဆွဲရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်သည့် အခါမှာ GIZ ၏ နည်းပညာအကူအညီဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဦးစီးဌာနများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ Roadmap ရေးဆွဲအကောင်အထည်ဖော်ရေးဆိုင်ရာ အထူးအဖွဲ့ (Taskforce) ကိုလည်း ဖွဲ့စည်း ထားရှိပြီး ဖြစ်ပါကြောင်း၊ ဧည့်သည်တော်များအားလုံး မိမိတို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအမြင်များကို မျှဝေဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း၊ ထို့အပြင် Roadmap ကို အကောင်အထည်ဖော် ဆောင်ရွက် သည့်အခါတွင်လည်း ကူညီဝိုင်းဝန်း ဆောင်ရွက်ပေးကြပါရန်လည်း မေတ္တာရပ်ခံလိုပါကြောင်း၊ ယခုရေးဆွဲ မည့် Food safety Roadmap သည် ပြည်သူများအတွက် အကျိုးရှိစေနိုင်မည် ဖြစ်သည့်အတွက် GIZ အပါအဝင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများ အနေဖြင့် မိမိတို့ရဲ့တန်ဖိုးရှိသော အတွေ့အကြုံ ကျွမ်းကျင်မှုများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

‌အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ GIZ မှ SAFI စီမံကိန်း၏ Head of Project ဖြစ်သူ Mr. Peter Hinn၊ Consultant Mr.Alain Peyer နှင် GIZ မှတာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ ရန်ကုန်မြို့တော်နှင့်နေပြည်တော်စည်ပင် သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ စိုက်ပျိုးရေးအကြံပေးများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ INGOs အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

‌စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ Primary Production အပေါ် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများမှ Food Safety ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြု ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၅:၀၀ တွင် ရုပ်သိမ်းပါသည်။

Loading