ပြည်တွင်းသတင်းများ

Nutrition Sector Reform Contract (NSRC) ဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဥရောပ သမဂ္ဂအဖွဲ့အစည်း တို့အကြား လစဉ်ညှိနှိုင်းအစည်းအဝေး ”2nd EU Consultation Meeting”

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသည် ဥရောပ သမဂ္ဂအဖွဲ့အစည်း၏ အထောက် အပံ့ဖြင့် ဆောင်ရွက်မည့် Nutrition Sector Reform Contract (NSRC) ဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရေးနှင့် စပ်လျဉ်းသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂအဖွဲ့ အစည်းတို့အကြား လစဉ်ညှိနှိုင်းအစည်းအဝေး ”2nd EU Consultation Meeting”ကို ၂၆-၂-၂၀၂၀ ရက်နေ့၊ နံနက် (၉:၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းနှင့် လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒယူနစ်မှ ဝန်ထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ Focal Person များ၊ PFM Focal များ၊ ဥရောပသမဂ္ဂအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ငွေကြေး ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စများ ဆွေးနွေးခြင်း၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသည့် ရလာဒ်များအား ဆွေးနွေးခြင်း၊ စီမံကိန်း စိစစ်သုံးသပ်ခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ ဆွေးနွေးခြင်း၊ FAO မှ နည်းပညာ အကူအညီနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ် များ ဆွေးနွေးခြင်း၊ ADS 2018/ 2019 Contribution Analysis များ တင်ပြဆွေးနွေးခြင်းနှင့် NSRC ဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်တို့ကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Loading