ပြည်ပသတင်းများ

အီးယူပြန်လည်ထူထောင်ရေးရန်ပုံငွေမှ ဘယ်လ်ဂျီယံနိုင်ငံ ယူရို (၅.၅) ဘီလီယံ ရရှိမည်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန် အီးယူ၏ပြန်လည်ထူထောင်ရေး ရန်ပုံငွေ “Next Generation EU” မှ အထောက်အပံ့အဖြစ် ယူရို (၅.၅) ဘီလီယံကို ဘယ်လ်ဂျီယံနိုင်ငံ ရရှိနိုင်မည်ဟု ဥရောပကော်မရှင်အရသိရှိရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်အလွန် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ယူရို (၇၅၀) ဘီလီယံအနက် ယူရို (၅၀၀) ဘီလီယံကို အထောက်အပံ့အဖြစ်လည်းကောင်း၊ ယူရို (၂၅၀) ဘီလီယံကို ချေးငွေအဖြစ်လည်းကောင်း အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ကျန်းမာရေး နှင့် စီးပွားရေးအရ ထိခိုက်မှုအရှိဆုံးနိုင်ငံများသို့ ခွဲဝေချထားပေးသွားမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသည် အီးယူ၌ GDP per capita အမြင့်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သဖြင့် ချေးငွေ မဟုတ်ဘဲ အထောက်အပံ့အနေဖြင့် ယူရို (၅.၅) ဘီလီယံ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အီတလီနှင့် စပိန်နိုင်ငံတို့သည် အဆိုပါရန်ပုံငွေအစီအစဉ်မှ အကျိုးခံစားခွင့်အများဆုံး ရရှိသည့် နိုင်ငံများဖြစ်ကြပြီး၊ အထောက်အပံ့နှင့် ချေးငွေနှစ်ခုပေါင်းအဖြစ် အီတလီနိုင်ငံသည် ယူရို (၁၇၃) ဘီလီယံ၊ စပိန်နိုင်ငံအနေဖြင့် ယူရို (၁၄၀)ဘီလီယံ အသီးသီးရရှိမည်ဖြစ်ကြောင်း၊ ၎င်းနိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို သိသိသာသာခံစားခဲ့ ကြရပြီး၊ ၎င်းတို့၏ စီးပွားရေးမှာလည်း လက်ရှိအသွားအလာ ကန့်သတ်မှုများကြောင့် ကျဆင်း နေသည့် ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် များစွာမှီခိုနေရခြင်းဖြစ်ကြောင်း၊ အီးယူ၏ ကိုရိုနာ ဗိုင်းရပ်စ်ကပ် ရောဂါအလွန် ပြန်လည်ထူထောင်ရေးရန်ပုံငွေမှ ပိုလန်နိုင်ငံသည် ယူရို (၆၃.၉) ဘီလီယံရရှိမည်ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံသည် ထောက်ပံ့ငွေရရှိမှု ယူရို (၃၈.၇) ဘီလီယံဖြင့် စတုတ္ထအများဆုံး အကျိုးခံစားခွင့်ရရှိသည့် နိုင်ငံဖြစ်ပြီး၊ ဂျာမနီနိုင်ငံသည် ယူရို (၂၈.၈) ဘီလီယံ အထောက်အပံ့ရရှိ မည်ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading